စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံ ပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်ယာသပိတ်ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်က ဆင်နွှဲခဲ့ကြသည်။
ဆန္ဒပြပြည်သူများက တောင်ယာစိုက်ပျိုးရင်း “China:Stop killing myanmar people by supporting fascist criminals” စာသားကိုင်ဆောင်ကာ “သို့ တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်” ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန္ဒပြလျက်ရှိရာ ယနေ့ ရက်ပေါင်း (၁၀၀၃) ရက်မြောက်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။