စစ်ကောင်စီက သူတို့ စစ်နိုင်စေတဲ့အနေနဲ့ ယတြာတွေလုပ်ရာမှာ တစ်မြို့ကို သေနတ်ချက်ရေ ၅၀ ခန့်ပစ်ဖောက်ရန်လက်အောက်ခံ တပ်နဲ့အဖွဲ့များကို ပြောထားတယ်လို့ သိရပါတယ်။
”ဟိုပုံးမှာ ဒီနေ့ အချိန်တော့ အတိကျမသိဘူး၊ သေနတ် အချက် ၅၀ လောက်ဖောက်မယ်တဲ့ လန့်ပြီးမပြေးကြနဲ့လို့ လိုက်ပြောနေတယ်၊ ယတြာခြေမို့ဖောက်တာတဲ့” လို့ ဟိုပုံးမြို့ခံတစ်ဦးက ပြောပါတယ်။
ယမန်နေ့ ည ၉ နာရီကျော်က နမ်စန်မြို့မှာ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်လို့ နမ့်စန်မြို့ခံတစ်ဦးက ပြောပါတယ်။
‘ညက အားကစားခန်းမနားမှာပစ်တာကြားရတာ၊ ဘာကို ဘာကြောင့်ပစ်မှန်းမသိဘူး၊ ဒီမနက်တော့ ယတြာချေတာလို့ပြောနေကြတယ်” လို့ အဲဒီဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းပန်ဖက်တွင်လည်း ဒီနေ့သေနတ်သံတေကြားရင် မလန့်ဖို့နဲ့ တပ်ကစမ်းသပ်ပစ်ခတ်မယ်လို့ အုပ်ချုပ်ရေးမှူးတွေက လိုက်လံပြေားကြားနေတယ်လို့ သိရပါတယ်။
တောင်ကြီး၊ အောင်ပန်းနဲ့ ကလောြမို့တွေဖက်မှာတော့ သေနတ်ဖောက်ရမယ်ဆိုတဲ့ သတင်းမကြားသိရဘူးလို့ ဆိုကြပါတယ်။
စစ်ကောင်စီဟာ စစ်နိုင်ရေးအတွက် ယတြာမျိုးစုံလုပ်ဆောင်နေပြီး ရှမ်းမြောက်ပိုင်းအတွက် မျောက်သုံးကောင် ဇောက်ထိုးပုံယတြာအပြင် အခုရှမ်းတောင်မှာ သေနတ်ဖောက်တဲ့ယတြာလုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။