တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ နမ့်စန်မြို့ထဲကို လောက်ကိုင်မြို့ရှိ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ယူနန်ပြည်နယ်၊ နမ့်စန်မြို့ထဲကို လောက်ကိုင်မြို့ရှိ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“လောက်ကိုင်နဲ့ နမ့်စန်မြို့က မျက်နှာချင်းဆိုင်မြို့ပါ ဒီနေ့ကျတာလို့ သိရတယ်။ တရုတ်နိုင်ငံသားတွေ ထိခိုက် ဒဏ်ရာရကြတယ်လို့ သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။