နွေဦးတော်လှန်ရေး အောင်ပွဲဆင်နိုင်ရန်နှင့် ယောဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် မဟာဗျူဟာမြောက် အဆင့်မြင့်နည်းပညာ ဒရုန်းများ ထောက်ပံ့နိုင်ရန် သီးသန့်ရန်ပုံငွေ ရှာဖွေရေးအတွက် Federal Wings နှင့် ယောဒေသဒရုန်းလက်ရုံးအဖွဲတိုမှ ဉီးဆောင်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ ထောက်ပိုရုံး၊ အမှတ် (၁) စစ်ဒေသ ဂန့်ဂေါခရိုင် တပ်ရင်း (၁၉) ရင်း နှင့် HYPER UAV FORCE တို၏ ပူပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်သည့် (U$40,000) ရန်ပုံငွေရှာဖွေရေး အစီအစဉ်ဖြစ်ပါသည်။
ကမ်ပိန်းဖွင့်ပွဲကို သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ဖွင့်ပွဲအမှာစကားပြောကြားပေးမှာဖြစ်ပြီး ကမ်ပိန်းတာဝန်ခံ ဆရာဇင်ကိုဝင်းမှ ကမ်ပိန်းရည်ရွယ်ချက်များရှင်းလင်းပြောကြားပေးမှာဖြစ်ပါသည်။ CDM ဗိုလ်ကြီးများဖြစ်ကြတဲ့ ဗိုလ်ကြီးညီသုတ၊ ဗိုလ်ကြီးလင်းထက်အောင်၊ ဖက်ဒရယ်ဝင်းမှ Miss Federal Wings၊ ရဲဘော် ကိုဦး၊ HYPER UAV FORCE မှ ရဲဘော်ဇီးရိုး၊ ဆောမြိုနယ် ပကဖ တာဝန်ခံ ဒေါက်တာကြည်စိုးထွန်း၊ MFDMC မှ ဦးဇော်မိုးအောင် စသည့် ပြည်သူ့ဘက်တော်သား အသိပညာရှင်အတတ်ပညာရှင်များလည်း တက်ရောက်မှာဖြစ်ပါသည်။
မြန်မာစံတော်ချိန် ည(၆:၃၀) မိနစ် နာရီတွင် တိုက်ရိုက်အစီအစဉ်အနေဖြင့်တင်ဆက်မှာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာရှိကြသည့် ထောက်ပိုညီကိုမောင်နှမများအားလုံးကို တက်ရောက်နိုင်ရန် ဖိတ်ကြားအပ်ပါသည်။