မကွေးတိုင်း၊ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ နှစ်သစ်ကူး တပ်ရင်းအလှုအဖြစ် နှစ်ဆန်း ၁ ရက်နေ့မှာ ဆွမ်းလောင်းခဲ့တယ်လို့ YPDF မှ ပြောပါတယ်။
“ပြီးခဲ့တဲ့ သင်္ကြန် ၂ နှစ်မှာ မလုပ်ဖြစ်ခဲ့ဘူး၊ ဒီနှစ်မှ တပ်ရင်းဆွမ်းလောင်းတာပါ၊ ပြီးတော့ သင်္ကြန် သံချပ် ထိုးတဲ့အစီအစဥ်တွေပါ လုပ်ဖြစ်ခဲ့တယ်” လို့ ယောဒေသကာကွယ်ရေးတပ် ဗဟိုဦးဆောင်ကော်မတီ ဥက္ကဠ ရဲဘော် ယောလေးက ပြောပါတယ်။
YPDF တပ်ရင်း နှစ်ကူးအလှူအဖြစ် ဧပြီ ၁၇ ရက်မှာ တောရ၊ဓူတင် ရဟန်း တပါးပင့်ဖိတ်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်တာ၊ သပိတ်၊သင်္ကန်းများ ပံသကူကပ်လှူတာ၊ ဆွမ်းကပ်တာ၊ နှစ်ဦးတရား ကြားနာခြင်းတို့ကို တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ဒေသခံပြည်သူ များပါဝင်ခဲ့ တယ်လို့ သိရပါတယ်။
YPDF ဟာ ဒေသခံပြည်သူများနဲ့ ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေး တပ်ဖြစ်ပြီး၊ (CAN) ချင်းအမျိုးသားတပ်မတော် နဲ့ MOU နားလည်မှု စွာချွန်လွှာမှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ တခု ဖြစ်တယ်လို့ နောက်ဆက်တွဲ ဖော်ပြထားပါတယ်။