မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီနဲ့ ယောနက စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ တွေ ပြင်းထန်ခဲ့တယ်လို့ YDF က စက်တင်ဘာလ ၃၀ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီအချိန်မှာ YDF ယောနက စစ်ကြောင်းနဲ့ ဂန့်ဂေါ ခလရ ၅၀ တပ်စစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး YDF ဘက်က ရဲဘော် ၂ ဦးကျဆုံးခဲ့ပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ အချိန်မှာ ဂန့်ဂေါနယ် ဝဖချောင်းဖျားမှာ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ ညနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအထိနာခဲ့သဖြင့် လေကြောင်းပစ်ကူလာပြီး Mi 35 ရဟတ်ယာဉ်နဲ့ နှစ်ခေါက်လာပြီး ပထမအခေါက်မှာ ၄ ကြိမ် ပစ်ခတ်ခဲ့ပါတယ်။ ဒုတိယအခေါက်မှာ ၅ ကြိမ်ပစ်ခတ်ခဲ့ပါတယ်။
လေကြောင်းအန္တာရာယ်ကြောင့် ဂန့်ဂေါမြို့နယ်က သာဂေါင်း၊ လက်ပံ စတယ့်ကျေးရွာတွေက ယခုအချိန်ထိ စစ်ဘေးရှောင်နေဆဲဖြစ်တယ်လို့သိရပါတယ်။