ရက္ခိုင်ပြည်က မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ နန့် အမ်း မြို့နယ် ၅ ခုအတွင်းမာ ထိတွိတိုက်ပွဲတိ ဆက်ဖြစ်နီကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ဂျန်နဝါရီ ၁၈ ရက်နိ ထုတ်ပြန်ပါရေ။
ယင်းထုတ်ပြန်ချက်အတွင်း”ရက္ခိုင်ဒေသ၌လည်း ရက္ခိုင့်တပ်တော် (AA) နန့် စစ်ကောင်စီရို့အကြား ထိတွိတိုက်ပွဲအချို့မှာ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲနန့်အမ်းမြို့ နယ်များအတွင်းတွင် အယင်ရက်များနည်းတူ ထူးမခြားနား ဟိနီခသည်”လို့ ဖော်ပြထားပါရေ။
ယင်းမြို့နယ်တိအတွင်းမာရက္ခိုင့်တပ်တော်(AA)စွာ အပြီး သတ်သိမ်းပိုက်ဖို့ကျန်နီရေ တပ်စခန်းတိက လက်နက်ချအညံ့မခံဘဲ အရပ်သားပြည်သူတိကို ဆက်လို့ တိုက်ခိုက်နီရေ ရန်သူတပ်ဖွဲ့ဝင်တိကို လိုက်လံဖမ်းဆီးခြီမှုန်းလျက်ဟိရေလို့လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။