ဒေသတွင်းနယ်မြေမငြိမ်မသက်မှုများကြောင့် ကျေးရွာအချို့ တိမ်းရှောင်နေကြရသည့်ကြားမှ စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသတွင် သပိတ်ကော်မတီဝင်များနှင့် တော်လှန်ပြည်သူများ၏ စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့(မေလ ၂၅) နံနက်ပိုင်းက ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူများက စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်းနှင့် စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် စစ်အာဏာရှင်ကို နေ့စဉ်မပျက်ချီတက်ဆန္ဒပြနေပြီး ယနေ့ ရက်ပေါင်း (၇၉၉)ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။