ရခိုင်ပြည်နယ်က မြို့ကြီး ၆မြို့မှာ အကြမ်းဖက် စစ်တပ်က မြေပြင်ရော၊ လေကြောင်း၊ ရေကြောင်းကနေပါ တပြိုင်နက် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ရက္ခိုင့်တပ်တော် AAက ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာလ (၁၂) ရက်၊ မနက် (၈) နာရီခန့်က စတင်ပြီး တော့ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြိုနယ်အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်တပ်စခန်းတချို ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် လေကြောင်းရော ရေကြောင်းတွေကနေပါ လက်နက်ကြီး၊ ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကိုပါ ဆက်တိုက် ပစ်ခတ်နေတယ်လို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပလက်ဝဒေသအတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စခန်းအချို့ကနေလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်တာတွေအပြင် ဂျက်လေယာဉ်တစ်စီးနဲ့လည်း ရက္ခိုင့်တပ်တော် AAက သိမ်းပိုက်ရယူထားတဲ့ “နှုံးဘူးဗျူဟာ” ပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။