ရခိုင်တိုက်ပွဲအတွင်း ရေလမ်းက ထွက်ပြေးတဲ့ အကြမ်းဖက် စစ်တပ်အရာရှိတွေ ရေတပ်သင်္ဘောပေါ်ရောက်ပြီးနောက် စက်လှေပေါ်မှာကျန်ခဲ့တဲ့တပ်သားတွေကို သင်္ဘောနားအကပ်မခံဘဲ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အာရက္ခတပ်တော်(AA)က ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း အဲဒီအကြမ်းဖက် စစ်အုပ်စုက စခန်းစွန့် ကာ စက်လှေတွေနဲ့ ထွက်ပြေးသွားကြတာပါ။
အဲဒီထွက်ပြေးသွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လာကယ်တဲ့ ရေတပ် သင်္ဘောပေါ်ကို အကြမ်းဖက် အရာရှိတွေ တက်ရောက်ပြီးနောက် ကျန်တပ်သားတွေနဲ့ မိသားစုဝင်တွေကို သင်္ဘောပေါ်အတက်မခံဘဲ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်အရာရှိတွေက သင်္ဘောပေါ်အကပ်မခံတာကြောင့် တပ်သားတွေက စက်ေလှကိုကမ်းကို ပြန်ကပ်ရာမှာ လှိုင်းကြီးတဲ့အခြေအခြေအနေကြောင့် စက်လှေတိမ်းမှောက်တဲ့ ရုပ်သံကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ရိုက်ခဲ့တာပါ။
အဲဒီရုပ်သံမှတ်တမ်းမှာ ကမ်းခြေတစ်ခုမှာ စက်လှေမှောက်ပြီး ရေမွန်းနေတဲ့ အကြမ်းဖက် တပ်ဖွဲ့ဝင် မိသားစုဝင်နဲ့ ကလေးတွေကို ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မြင်ကွင်းကို တွေ့ရတယ်လို့ လူထုနွေဦးက ဖော်ပြပါတယ်။
” သူတို့ ရောက်တော့ စက်လှေပြန်လွှတ်ပြီး နောက်ကျန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ၊ သားသမီးတွေ၊ ကလေးတွေဗျာ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသူတွေ သွားပို့တဲ့အချိန်မှာ နှစ်စီးလုံးကို သေနတ်နဲ့ ပစ်လွှတ်တယ်တဲ့ဗျာ။ ကမ်းထိုးပေါ် အတက်မခံဘူးတဲ့။ အကပ်လည်းမခံဘူးတဲ့။ အဲဒါ ပြန်လှည့်လာတော့ကမ်းခြေမှာလှိုင်းတအားကြီးတော့ စက်လှေမှောက်တယ်ဗျာ။ ရဲမိန်းမ နှစ်ယောက် ရှာမရဘူးဗျာ ။ကလေးနှစ်ယောက် ရော။ ဟိုမှာလည်း ကလေးနှစ်ယောက်က မွန်းပြီးမျောနေတယ်ဗျာ..…. ကလေးက ရလား။ မှိုင်းနေလို့ နှိုးကြည့်အုံး။ သမီးရေ ၊ သမီးရေ။ မွှန်နေတာနေမှာ။ ကလေးတွေက လောလောဆယ် မစိစစ်ရသေးဘူး။ စက်လှေမှောက်ပြီး ကလေးတွေပါ ရေနစ်ကုန်တာဗျာ။ ဟိုမှာတစ်ယောက် ဒီမှာတစ်ယောက်။ ဒီမှာ တစ်ယောက်ကလည်း မှီန်းနေပြီ။ စက်လှေအောက်မှာ လူရှိသေးတာလား မသိဘူး။ ရဲမိန်းမ နှစ်ယောက်ပျောက်နေတယ်ဗျာ။ ကလေး နှစ်ယောက်နဲ့ ” လို့ လူထုနွေဦးသတင်းဌာနက အကြမ်းဖက် စစ်ကောင်စီ ရဲဘော်က ရုပ်သံပြောထားတာကို ဖော်ပြထားပါတယ်။