ရခိုင်ပြည်နယ် ရဲ့ မြို့တော် စစ်တွေ မြို့ အနီးကို ရက္ခိုင့်တပ်တော်AA က ချဥ်းကပ်လာနေပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါထားတယ်။
ရခိုင်ပြည်နယ် က မြို့နယ်အများအပြား မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လက်နက်ကိုင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဘေးဒဏ်သင့်ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ဖိစီးမှုတွေ တိုးပွားလာ နေတယ်လို့လည်း UNOCHA ကထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းကစတင်ပြီး စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ တပ်စခန်းတွေ က လက်နက် လက်နက်ကြီး နဲ့ပစ်ခတ်မှုတွေ တိုးမြင့်လုပ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီလ (၂၉)ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ဈေးကြီးအတွင်း စစ်တပ်က လက်နက်ကြကီး နဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ၂၁ ဦးသေဆုံးခဲ့သလို ၃၀ ကျော် ဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့တယ်လို့ UNOCHA က ပြောပါတယ်။
ရက္ခိုင့်တပ်တော်AA ဟာ စစ်တွေ မြို့နဲ့ အနီးကပ်ဆုံး တည်ရှိတဲ့ ပုဏ္ဏားကျွန်း မြို့ကိုလည်း မတ်လ ၄ရက်တွင် သိမ်းယူထားနိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။
ရက္ခိုင့်တပ်တော်AA က ရခိုင်ပြည်နယ်မှာ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း စတဲ့ မြို့ကြီး ၆ မြို့ကို သိမ်းယူထားနိုင်သလို ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း အလုံးစုံထိန်းချုပ်ထားနိုင်ပါတယ်။
တိုက်ပွဲတွေ ကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ ခန့်မှန်းခြေ အိုးအိမ်စွန့်ခွာရသူ ၁၄၈,၅၀၀ ခန့် ရှိနေတယ်လို့ UNOCHA ကဆိုပါတယ်။