ရခိုင်ပြည်နယ်၊မောင်တောမြို့နယ် အခြေစိုက် အမှတ် (၁) နယ်ခြား စောင့်ရဲတပ်ရင်း တပ်ခွဲ (၄)မှ ရဲ တပ်သား ၁ ဦးက မိသားစုနဲ့အတူ ABSDF ကျောင်းသားတပ်မတော်သို့ ဝင်ရောက်ခိုလှုံခဲ့တယ်လို့ ABSDF သထုံခရိုင် သတင်း နှင့် ပြန်ကြာရေးဌာနက ဒီဇင်ဘာ ၁၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင် လိုခြင်း မရှိတော့သဖြင့် ဒီဇင်ဘာ ၉ ရက်နေ့မှာ ABSDF ကျောင်းသား တပ်မတော်ကို ဆက်သွယ်ခိုလှုံလာတယ်လို့ သိရှိရပါတယ်။
နယ်ခြားစောင့် ရဲတပ်ရင်းမှ ထွက်ပြေးလာကာ၊ ရန်ကုန်မြို့မှာ တိမ်းရှောင်နေစဥ်အတွင်း ဒလန်မှ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို သတင်းပေးမှုကြောင့်၊ ရန်သူ စစ်တပ်၊ရဲ တို့မှ ပိတ်ဆို့ဖမ်းဆီးရာမှ အမျိုးသမီးဖြစ်သူအပါအဝင် ၊၈ လသား အရွယ်ကလေးငယ်တို့နှင့် အတူ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ABSDF ထံသို့ ဆက်သွယ် ခိုလှုံလာတဲ့ ရဲ တပ်သားနဲ့မိသားစုများအား လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းမှ ကယ်ထုတ်ခဲ့ပြီး၊ ခိုလှုံခွင့်ပေးကာ၊ နေထိုင်စားသောက်ရေးကိစ္စများ အဆင်ပြေရေးအတွက် စီစဥ် ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။