ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကဇူးကိုင်းအုပ်စုက ချင်းလူမျိုးတွေနေတဲ့ စွေ့ချောင်းကျေးရွာက မီးဘေးသင့် ဒေသခံပြည်သူ ၂၀၀ ကျော်တွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ််။
ရက္ခိုင့်တပ်တော်(AA)က အမ်းမြို့နယ် စွေ့ချောင်းကျေးရွာနီးက စစ်ကောင်စီတပ်ဖွဲ့ရဲ့ တောဟိန်းတောင်ဗျူဟာကုန်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ရောက်ပေါက်ကွဲလို့ အိမ်ခြေနှစ်ရာကျော် မီးလောင် ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂ ရာကျော် မီးဘေးသင့် ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
မီးဘေးသင့်ပြည်သူ ကလေးငယ်အပါအဝင် (၂၄၆) ဦးဟာ လက်ရှိ ဒုက္ကံရွာမှာ ခိုလှုံနေကြပြီး စားနပ်ရိက္ခာ အကူညီနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေကြတယ်လို့လည်း သိရပါတယ်။