ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌဒေါ်ညိုအေးနဲ့လူငယ်တချို့ကို စစ်ကောင်စီက သြဂုတ်လ ၁၅ ရက်၊ဒီနေ့နေ့လည်က ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့စစ်တွေမြို့ခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီဒေါ်ညိုအေးအိမ်သို့ ရဲနဲ့အရပ်ဝတ်တချို့က လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
“သူတို့လာခေါ်သွားတယ်။အမှတ် ၁ ရဲစ ခန်းမှာချုပ်ထားတယ်လို့လည်းသိရတယ်။ဘာကြောင့်ဆိုတာတော့ မသိရသေးဘူး။အခု အမေ့အတွက် လိုအ ပ်တဲ့ ဆေးတွေ သွားပို့ဖို့လုပ်နေပါတယ်။အမေအပါ အဝင် အခြားလူတချို့ကိုလည်း ဖမ်းထားတယ်လို့သိရပါတယ်။” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အဲဒီဒေါ်ညိုအေးအပါအဝင် ရခိုင်လူငယ်တချို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်ဆန်ပြဿနာနေ့ကိုပြု လုပ်ခဲ့ပါတယ်။
အဲဒါကြောင့်စစ်ကောင်စီက ဖမ်းဆီးတာဖြစ်နိုင်တ ယ်လို့ မိသားစုဝင်တွေနဲ့မြို့ခံတွေက ဆိုကြပါတယ်။
သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့စစ်တွေမြို့ရှိအမှတ် ၁ ရဲစခန်းကို BNAက ဆက်သွယ်မေးမြန်းခဲ့ပေမယ့်ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
အဲဒီဒေါ်ညိုအေးအပါအဝင်ဖမ်းဆီးခံရသူဘယ်နှစ်ယောက်ရှိပြီးသူတို့ကိုဘာတွေဆက်လုပ်နေတယ်ဆိုတာကို BNA က ဆက်လက်စုံစမ်းနေပါတယ်။