ရန်ကုန်မြို့တွင်းတစ်နေရာနှင့် အများသုံးယာဥ်များတွင် မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်တပ်အာဏာသိမ်းထားသည့် အမှောင်ထုဖုံးလွှမ်းနေဆဲ နေ့ရက်များကို မမေ့လျော့ကြစေရန်ရည်ရွယ်၍ အောက်တိုဘာ ၂၆ ရက်နေ့တွင် စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကမ်ပိန်းကို Owl Community နှင့် Falcon Revolutionaries Team တို့၏ အဖွဲ့သားများမှ လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး Democratic Youth Council(DYC)မှ စတစ်ကာအတွက် ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရှိရသည်။