ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီလက် အောက်ခံ ရန်သူ တိုင်းရဲတပ်ဖွဲ့ရဲ့ အောင်သပြေ လိုင်းခန်းကို NOKA-UG ရဲဘော်တွေက အဝေးထိန်း မိုင်း ၂ လုံးနဲ့ မနေ့ညက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
NOKA-UG ရဲဘော်တွေက မေ ၂၁ ရက်၊ ည ၉ နာရီ ၅ မိနစ်မှာ ရန်သူတပ်ဖွဲ့ဝင်တွေ နေထိုင်တဲ့ အောင်သပြေလိုင်းခန်းကို တိုက်ခိုက် ခဲ့တာဖြစ်ပြီး မြေအောက် ပြောက်ကျားရဲဘော်တွေအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
NOAK UG ရဲဘော်တွေအနေနဲ့ မြို့ပြမစ်ရှင်တွေ ဖော်ဆောင်တဲ့အခါ အရပ်သားပြည်သူတွေ မထိခိုက်အောင် ကြိုးစား အကောင်အထည်ဖော်နေတယ်လို့လည်း ဖော်ပြထားပါတယ်။