ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ၊ နှင်းဆီကုန်း “က” ရပ်ကွက်တွင် လက်နက်များ ရှိနေသည်ဟုဆိုကာ စစ်တပ်နှင့်ရဲများ ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီမှ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ နှင်းဆီကုန်း “က” ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုတွင် လက်နက်များ ရှိနေသည်ဟုဆိုကာ ဝင်ရောက်စီးနင်းရန်အတွက် စစ်တပ်၊ ရဲနှင့် အထူးတပ်ဖွဲ့များ ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါနေရာတွင် လက်နက်များရှိနေသည်ဟု လွန်ခဲ့သော ၃ ရက်ကတည်း ကပင် သတင်းများရရှိထား၍ ကြိုတင်လေ့လာမှုများ လုပ်ဆောင်ကာ ဝင်ရောက် စီးနင်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။