ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့ (၁/၂)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ (EROs) နဲ့ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး ဧပြီ ၂၃ ရက် မနက်ပိုင်းမှာစစ်တောင်း တံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပကဖအသံ ကသိရပါတယ်။
ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တွေ အနေနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အပါအဝင် လက်နက်ကိုင် အင်အားစု အသီးသီးနဲ့ ပူးပေါင်းပြီး အကြမ်းဖက် စစ်တပ်ကို စည်းစည်းလုံးလုံး ချေမှုန်းတိုက်ခိုက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၂)ရက် နေ့လည်ပိုင်းမှာ လုံခြုံရေး တင်းကြပ်ထားတဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင်းကို မတ်လ (၂၂) ရက် နေ့လည်ပိုင်းမှာ ရန်ကုန်တိုင်း ပကဖ အထူးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ကာ ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက် စစ်ကောင်စီ အရာရှိကြီးတွေ ဂေါက်သီးရိုက်ကစားနေတဲ့ ဂေါက်ကွင်းထဲကို ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်တပ် အရာရှိကြီး နဲ့ အရာခံတွေ ထိခိုက်ဆုံးရှုံးမှု ရှိတယ်လို့ သတင်းတွေ ပေါ်ထွက်လျက်ရှိပါတယ်။
တရားမဝင်တဲ့ စစ်မှုထမ်း ဥပဒေ ကို ထုတ်ပြန်ပြီး ပြည်သူ အပေါ် ဗိုလ်ကျစိုးမိုး၊ အနိုင်ကျင့်စီးနင်း လုပ်ဆောင် အာဏာအလွဲသုံးစားလုပ်နေတာကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ ရန်ကုန်တိုင်း ပကဖ က ထုတ်ပြန်ထားပါတယ်။