ရန်ကုန်မြို့ တစ်နေရာတွင် စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း (Sc Strike) နှင့် Revolution Force (RF)တို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့သည် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံခဲ့ရသည့် ကိုဖြိုးဇေယျာသော် (ခ) ကိုမောင်ကျော်၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုလှမျိုးအောင် (ခ) ကိုမျိုးနှင့် ကိုအောင်သူရဇော် (ခ) ကိုဂတုံး တို့ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခဲ့သည်မှာ တစ်နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။
အကြမ်းဖက် စစ်တပ်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်/ကျဉ်းများကို မကြာခဏ ထောင်ပြင်ထုတ်ပြီး အကြမ်းဖက် သတ်ဖြတ်လျက်ရှိနေကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ခိုး၊ ဆိုး၊ လု၊ နိုက်၊ လူသတ် ၊ မုဒိန်းကျင့်ခြင်းအပြင် ကျေးရွာများကို မီးတင်ရှို့မှုများကို အကြမ်းဖက် စစ်တပ်က အင်တိုက်အားတိုက် လုပ်နေသည်ကိုတွေ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်၏လုပ်ရပ်များကို ပြည်သူများ၏စိတ်ထဲရင်ထဲ၌ “ကမ္ဘာတည်သရွေ့ ဥဒါန်းကြေမည်မဟုတ်ပါ” ၊ အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များသည် လူအခွင့်အရေး နှင့် လူသားတို့၏ရပိုင်ခွင့်များကို လုံးဝဆန့်ကျင်ပြီး အကြမ်းဖက်နေခြင်းသာဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းကျခံနေရသော နိုင်/ကျဉ်းများအား သတ်ဖြတ်နေခြင်းကို ချက်ချင်းရပ်ရန် နှင့် အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်ပြီး ပြည်သူတို့၏ ဆန္ဒကိုဖော်ထုတ်ပြသခြင်းဖြစ်ကြောင်း သိရသည်။
See Translation
All reactions:
6.4K6.4K