ရန်ကုန်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၈ ရက်နေ့၌ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ GSC အင်အားစုများဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ မင်္ဂလာတောင်ညွန့်သပိတ်ကော်မတီနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့ ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။