ရန်ကုန်မြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့၌ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်ထားရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF) နှင့် ကြည့်မြင်တိုင်-မရမ်းကုန်း တော်လှန်ပြည်သူ အင်အားစုများ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။