ဖေဖော်ဝါရီနှင့် မတ်လ နှစ်လအတွင်းမှာပင် ရန်ကုန်မြို့တွင်ရှိသည့် စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာ ၁၈နေရာအထိ မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများအနက် အကြီးဆုံးပြစ်မှတ် အနေဖြင့် ခြောက်ခုပါဝင်ခဲ့သည်။
လေယာဥ်ဆီတင် MVသင်္ဘော ဖောက်ခွဲတိုက်ခိုက်မှု၊ MEC အရာရှိများ နေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်မှု၊ Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်မှာရှိ လေတပ် အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက်၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံကိစ္စအဓိကလုပ်ကိုင်သော ဗဟန် မြို့နယ်ထွေအုပ်နှင့် စည်ပင်ရုံးအား ဖောက်ခွဲတိုက်ခိုက်မှုနှင့် ယခု ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်ကောင်စီအရာရှိကြီးများ ဂေါက်သီးရိုက်ကစားနေသည့် ဂေါက်ကွင်းနေရာအတွင်း ဝင်ရောက်တိုက်ခိုက်မှုတို့ ဖြစ်သည်။