ရန်ကုန်မြို့ တစ်နေရာတွင် သပိတ်အဖွဲ့များစုပေါင်း၍ လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများဆန့်ကျင်သည့် လှုပ်ရှားမှုတရပ်ကို ယနေ့ (မေလ ၂၂) ညပိုင်းက ပြုလုပ်ခဲ့ကြသည်။
သပိတ်လူငယ်များက ရန်ကုန်မြို့တွင် လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေသည့် အခြေအနေကို ရှုံ့ချကြောင်း၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့သည်။
အဆိုပါလှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)တို့နှင့်အတူ ရန်ကုန်မြို့နေ တော်လှန်လူငယ်အချို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။