ရန်ကုန်မြို့တွင် ယနေ့ မေလ၂၃ရက်နေ့ လုံခြုံရေးအထူးတင်းကျပ်နေသော တံတားတစ်ခုတွင် Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး တရုတ်ဆန့်ကျင်ရေး လှုပ်ရှားကြသည်။
တရုတ်အစိုးရအနေဖြင့် မတရား အာဏာသိမ်းပြီး မြန်မာ ပြည်သူလူထုကို သတ်ဖြတ်နေသည့် လူသတ်အကြမ်းဖက်မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်တပ်နှင့် ပူးပေါင်းနေသော လုပ်ရပ်များကို ဆန့် ကျင်ကန့်ကွက်သောအားဖြင့်
“China, Respect Myanmar People’s Voice!!! Stop Supporting Fascist Criminals” စာတန်းပါသည့် ဘန်နာကို ချိတ်ဆွဲကြသည်။
တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ ဆန္ဒအမှန်ကို လေးစားမည်ဆိုပါက National Unity Government of Myanmar (NUG)နှင့် အမြန်ဆုံး တွေ့ဆုံညှိနှိုင်းဆောင်ရွက်ရန် တောင်းဆိုကြသည်။
“တရုတ်အစိုးရအနေနဲ့ ဆက်လက်ပြီးလူသတ်အကြမ်းဖက်စစ်တပ်ကို ထောက်ခံနေမယ်၊ စစ်ရာဇဝတ်ကောင် လူသတ်သမားများကို အားပေးနေမယ်ဆိုရင်တော့ တရုတ်အစိုးရကိုယ်တိုင်ပင် အကြမ်းဖက်မှုတွေရဲ့ ကြံရာပါ၊ လူသတ်အားပေး တရားခံ ဖြစ်ပါလိမ့်မယ်။ တရုတ်ဟာ ကျနော်တို မြန်မာပြည်သူတရပ်လုံးရဲ့ “ဘုံရန်သူ” စာရင်း ဝင်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ အဲဒီ နောက် ဆက်တွဲ အကျိုးဆက်တွေဖြစ်တဲ့ တရုတ်နိုင်ငံပိုင် စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံထားမှုများအတွက် အာမခံချက် လုံးဝမရနိုင်တော့ပါလို့ထပ်မံ သတိပေး ပြောကြားလိုက်ပါတယ်။ မလွဲမသွေ ဆက်လက် ကြုံတွေ့လာရလိမ့်မယ်လို့လည်း လေးလေးနက်နက် သတင်းစကားပါးလိုက်ပါတယ်”ဟု သပိတ်အင်အားစုများက သတိပေးသည်။