ရန်ကုန်မြိုတွင် ” ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် ” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ချီတက် သပိတ်မှောက်ကြသည်။
စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ပြီး တော်လှန်ရေးရဲဘော်များကို မတရားဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေသည့်ကြားမှ ရန်ကုန်မြိုတနေရာတွင် ရေဘဝဲနှင့်မဟာမိတ်အဖွဲအစည်းများက “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်” စာသားပါတပ်ဦးအလံကိုကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တိုက်ပွဲဆင်နွှဲကြကြောင်း သိရှိရသည်။
အဆိုပါသပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူအခြေခံပညာကျောင်းသားလူငယ်များအစည်း အရုံး(အကလ-ဗဟို) ၊ Labour Alliance အဖွဲဝင် (CTUM) ၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတိုပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏ မြေပြင်ကင်း ထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်တိုက်ပွဲကိုဆင်နွှခဲ့ကြကြောင်း သိရှိရသည်။