ရန်ကုန်မြို့ တစ်နေရာတွင် ယနေ့ (ဇွန်လ ၃) နံနက်ပိုင်း၌ ရန်ကုန်လူထုသပိတ်မှ လူငယ်များက လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူ့အစိုးရနှင့် ဝေဖန်ခဲ့သည့် အဆိုတော် ဗျူဟာအား ဖမ်းဆီးခြင်းကို ကန့်ကွက်ကြောင်း စာတန်းချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။
လူငယ်များက “ဗျူဟာကိုဖမ်းထားလည်း စောက်ပေါက စောက်ပေါပဲ” ဆိုသည့် စာသားဖြင့် အဆိုတော် ‘ဗျူဟာ’ကို ဖမ်းထားသည့် မင်းအောင်လှိုင်နှင့် ၎င်း၏နောက်လိုက်များက ‘စောက်ပေါ’ ဘဝမှ ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ အာဏာရူးများနှင့် နောက်လိုက်ကျွန်များ စိတ်နှင့်ကိုယ် သတိကပ်စေရန် အသိပေးစာ ချိတ်ဆွဲခဲ့ခြင်းဟု ဆိုသည်။
ယင်းလှုပ်ရှားမှုကို Zorro၊ Revolution Photographs နှင့် ရန်ကုန်လူထုသပိတ်တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုတော် ဗျူဟာသည် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူ့အစိုးရနှင့် နှိုင်းယှဉ်ဝေဖန်ထောက်ပြကာ အသုံးမကျကြောင်း မေလ ၂၃ရက် ညတွင် ၎င်း၏ဖေ့စ်ဘွတ်ခ်မှ Live လွှင့်ပြောကြားခဲ့ခြင်းကြောင့် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။