ရန်ကုန်မြို့ နေရာအချို့တွင် ဗကသကျောင်းသားလူငယ်များနှင့် သပိတ်အင်အားစုများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ယနေ့(သြဂုတ် ၁၂) နံနက်က ပြုလုပ်ခဲ့သည်။
စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်နေသည့်ကြားမှ “လွတ်မြောက်မှုကို ရှာဖွေရင်း သပိတ်စုံ သူပုန်ထ”၊ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ ဆိုတဲ့ ဟစ်ကြွေးသံတွေ ဒီမြေပေါ်တလူလူလွင့်ကြ” စသည့်စာသားများ ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့အပြင် ပြည်သူများအနေဖြင့် သွေးမအေးဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်ကြရန်လည်း YBS ဘက်စ်ကားပေါ်၌ လူထုလှုံဆော်ခဲ့သည်။
ယင်းဆန္ဒပြ လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People’s Strike Colition – NDOPSC တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။