ရန်ကုန်မြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့၌ “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” စာတန်းချိတ်ဆွဲပြီး စစ်တပ် ထုတ်ကုန် ပစ္စည်းများ မသုံးစွဲရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တို့က ပူးပေါင်းပြုခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ ဝင်ငွေရေသောက်မြစ် အားလုံးကို လူထုအားနှင့် ဖြတ်တောက်ရိုက်ချိုးပစ်မည့် “ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ” စစ်မျက်နှာစာကြီးကို အမြင့်မားဆုံး ဖော်ဆောင် ဆင်နွှဲကြရန်နှင့် ဖက်ဆစ် စစ်တပ်၏ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနဲ့ လှဲဖြို၊ ဖြတ်တောက်ကြရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။