ရန်ကုန်မြို့မှာ ဇူလိုင်လ ၂၅ ရက်နေ့က တော်လှန်လူငယ်များ ဦးဆောင်ကာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့ မတရား ကြိုးပေး ကွပ်မျက်ခံခဲ့ရတဲ့ တစ်နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုံ့ဆော် ဟောပြောမှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဟောပြောမှုကို ရန်ကုန်မြို့ တစ်နေရာမှာ Owl Community နဲ့ Falcon Revolution Team တို့ ပူးပေါင်းကာ တာမွေ သပိတ်ကော်မတီရဲ့ ကင်းထောက် အကူအညီနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။