ရန်ကုန်မြို့မှာ ယနေ့ည ၇ နာရီ ၁၅ မိနစ်က အသံကျယ်လောင်တဲ့ ဗုံးပေါက်ကွဲသံ ၂ ချက် ကြားလိုက်ရတယ်လို့ မြို့ခံတွေကပြေပါတယ်။
“အသံတော်တော် ကျယ်တယ်။ ၂ ချက်ဆင့်ကွဲတဲ့ အသံ ကြားရတယ်။ ကျနော်တို့နဲ့ နီးမလားတော့ မသိဘူး” လို့ တောင်ဥက္ကပမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲသံကို တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာ ဘေလီ တစ်၀ိုက်က ကြားရတယ်လို့ မြို့ခံတွေက ပြောပေမယ့် ပေါက်ကွဲတဲ့နေရာကို မသိရသေးပါဘူး။