ရန်ကုန်မြို့ရှိ စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို ယနေ့ ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြတော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန် ဒဂုံမြို့နယ်၊အမှတ် (၆၁-၆၃)တိရစ္ဆာန် ရုံလမ်းရှိအကြမ်းဖက်စစ်တပ်ပိုင် MyTel ကုမ္ပဏီ ရုံးချုပ်ကို အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် Yangon Army (YA) တို့ပေါင်း၍ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ထိထိရောက်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ဒီညနေ ပေါက်ကွဲသံအကျယ်ကြီးတော့ တိရိစ္ဆာန်ရုံဘက်က ကြားရတယ်။ အတော် ကိုကျယ်တာ” ဟု ယောမင်းကြီးလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော တိုက်ခိုက်မှုကြောင့် လူထိခိုက်မှု အခြေအနေ ရှိ၊ မရှိ အတိအကျ မသိရှိရသေးပေ။
ပြည်သူများကို နည်းမျိုးစုံဖိနှိပ်နေသော မင်းအောင်လှိုင်နှင့်ဆက်စပ်နေသာသူများအားလုံးကိုလည်းကောင်း၊ ပြည်သူအားစစ်မူ့မထမ်းမနေရဥပဒေကိုအားပေးအားမြောက်ပြုနေသောသူအားလုံးကို အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် Yangon Army (YA) တို့ က ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။