လက်ရှိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအစိုးရလက်ထက်တွင် ပြည်သူများ၏ စားဝတ်နေရေး ကုန်စျေးနှုန်းများတက်၍ အခက်အခဲ ဖြစ်နေစဉ် ကုန်ပစ္စည်းများ လိုသလောက်ဝယ်ယူ၍ မရနိုင်တော့ကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးမှ သတင်းပေးပို့ခဲ့ပါသည်။
စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသောကုန်တိုက်တစ်ခုဖြစ်သော ဘိုကလေးစျေးရှိ ဂမုန်းပွင့်ကုန်တိုက်တွင် ယနေ့ စက်တင်ဘာ ၁၃ ကြေငြာထားသောစာ၌ “ရေသန့်မှလွဲ၍၊ မိမိဝယ်ယူလိုသောပစ္စည်းများကို အများဆုံး၂ခုသာဝယ်ယူနိုင်ကြောင်း” ရေးသားထားတာကိုတွေ့ရပါတယ်။
“ပစ္စည်းစျေးတွေက ဒီနေ့တစ်မျိုး၊ မနက်ဖြန် တစ်မျိုးတောင် မဟုတ်တော့ဘူးဗျ ၊ မနက်တစ်မျိုး ညတစ်မျိုးဖြစ်နေပြီ၊ အဲ့တော့ ရောင်းတဲ့သူဖက်ကလဲ လှောင်ထားတဲ့စျေးနဲ့ နောက်ပြန်ရောင်းလို့မရတော့ပြန်ဘူး၊ အကုန်ရှုံးကုန်မှာလေ ၊ အဲ့ဒါကြောင့် ကုန်စည်ကန့်သတ်နေရတဲ့သဘောပါ” ဟု စီးပွါးရေးသမားတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
“ဒီပုံစံအတိုင်းဆို ပြည်သူတွေဘက်က တော်တော်အခက်တွေ့မှာ ၊အခုဆို ရေသန့်မှ လွဲ၍ဆိုတော့ ရေပဲ ကြိုက်သလောက်ဝယ်၊ ကျန်တာက အများဆုံး၂ခုပဲဝယ်လို့ရမယ်ဆို တိုင်ပတ်ပြီ”ဟု စျေးဝယ်သူတစ်ဦးထံမှလဲ ကြားသိခဲ့ရပါတယ်။