ရန်ကုန်မြို့၊ စမ်းချောင်း နှင့် ဗဟန်းမြို့နယ်ရှိ ပြည်သူများက သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကို ထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၄ ရက်တွင် ပြုလုပ်ခဲ့ကြပသည်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲဖြစ်သည့် LinnYoungNi Youth Association (LYNYA)၊ Kyimyindaing Networks (KMD18)၊ Owl Community နှင့် Mayangone Democratic Front (MDF)၊တို့မှ ပြည်သူများနှင့်ပူးပေါင်းလှုပ်ရှား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။