ရန်ကုန်မြို့ တံတားတစ်ခုပေါ်တွင် Falcon Revolutionaries Team မှ တော်လှန်လူငယ်များက ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ (ဇွန်လ ၁၈) ညနေပိုင်း၌ ပြုလုပ်ခဲ့ကြသည်။
လူငယ်များက “တော်လှန်ရေး ရဲဘော်တွေကို ဖမ်းမိတိုင်လဲ တော်လှန်ရေးက ရပ်တန်သွားမှာ မဟုတ်ဘူး” စာသားအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။