ရန်ကုန်မြို့၊ ဗိုလ်တထောင် ၄၄ လမ်းတွင် ကျဆုံးခဲ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေအတွက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၄၄ လမ်းဟာ CCTV တွေနဲ့ စောင့်ကြည့်နေတဲ့ လမ်းဖြစ်ပြီး အရပ်ဝတ် စစ်ကောင်စီတပ်သားတွေလည်း အမြဲတမ်းရှိနေတဲ့ နေရာတစ်ခု ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ တော်လှန်ရေးလူငယ်တွေက အခက်အခဲများကြားကနေ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။