ရန်ကုန်တိုင်း မြို့နယ်များတွင် ယမန်နေ့ညပိုင်း ဖောက်ခွဲမှုများသည် ၎င်းတို့လက်ချက်ဟု မြို့ပြပြောက်ကျားအဖွဲ့ ၃ ခုဖြစ်သော Anonymous Fighters Force AFF၊ Freeland Attack Force FLA နှင့် Emerald Gins Amy – EGA တို့က ထုတ်ပြန်ကြေညာလိုက်ကြောင်း အဆိုပါအဖွဲ့မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် မြောက်ဒဂုံ မြို့နယ်တို့ရှိ ခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်း တို့ကို ယမန်နေ့ညပိုင်း ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း ရန်ကုန် UG အဖွဲ့များက ပြောသည်။
ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီ ၅၂ မိနစ်တွင် လှိုင်သာယာမြို့နယ် ရန်ကုန် – ပုသိမ်ကားလမ်းမပေါ် တပ်ထိပ်ရှိ အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ ၅၃၂ တပ်ရင်း အနီးတွင် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ယမန်နေ့ ည ၉ နာရီ နောက်ပိုင်း၌ ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင် တရားဥပဒေရုံး နှင့် မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ထားဝယ်ချောင်ရဲစခန်းတို့ကို ဆက်လက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ UG ရဲဘော်များ ပစ်မှတ်မြို့နယ်များမှ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ပျက်စီး ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Anonymous Fighters Force AFF၊ Freeland Attack Force FLA နှင့် Emerald Gins Amy – EGA တို့က ဗုံး ၉ လုံး အသုံး ပြု၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။