ရန်ကုန် _ ထားဝယ် ကားလမ်းမကြီးတလျှောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က နေ့၊ည အချိန်မရွေး စိတ်တိုင်းကျ သွားလာ လှုပ်ရှားနေမှုတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တားဆီး ဟန့်တား နိုင်ရေးအတွက် ခရီးသွားပြည်သူတွေ လိုက်နာဖို့ အတွက် ထားဝယ် ပကဖ၊ ထားဝယ်ပြောက်ကျားတပ်ဖွဲ့၊ ရေဖြူ ပကဖ အဖွဲ့ (၃)ဖွဲ့က ပူးတွဲ ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အသိပေးထုတ်ပြန်ချက်မှာ ခရီးသွားပြည်သူများအနေနဲ့ ညနေ ၆ နာရီ ကနေ မနက် ၆ နာရီအတွင်း ခရီးသွားခြင်းကို ရှောင်ကျဥ်ဖို့၊ အကြမ်းဖက်စစ်တပ်ရဲ့ ကားတွေနဲ့ အနီးကပ်မောင်းနှင်ခြင်းကို ရှောင်ကျဥ်နဲ့၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာ ရပ်ခံ အသိပေးထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က အင်အားဖြည့်တင်းတာ၊ လက်နက် ခဲယမ်း၊ရိက္ခာတွေ သယ်ယူပို့ဆောင်နေတာတွေကို ပြုလုပ် နေတဲ့ အတွက် ခရီးသွားပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ပါ အချက်တွေကို လိုက်နာပေးကြဖို့ ဖော်ပြထားပါတယ်။