ဒေနိ(ဒီဇမ်ဘာ ၁၇ ရက်နိ) မိုးထ ၁၁ နာရီလောက်မာ ရမ်းဗြဲမြို့နယ်၊ သံချောင်းတိုက်နယ်၊သရက်ချောင်းရွာသား နှစ်ယောက်ကို စစ်ကောင်စီ ဖမ်းဆီးလားရေလို့ သိရပါရေ။
အဖမ်းခံရရေလူတိစွာ သရက်ချောင်းရွာသား ဦးဇော်ဇော် (၃၇ နှစ်)နန့် မောင်ဆန်းထက်ကျော်(ခ)မောင်မောင်(၁၉ နှစ်)ရို့ဖြစ်ကတ်ပါရေ။
“ကိုဇော်ဇော်မာ လိုင်ခြောင်းအတွင်း ကြွက်နို့သီးပေါက်ပျာ အယင်ကပင်ကျန်းမာရီးမကောင်းဖြစ်နီလို့ ဒေနိခါ တရွာတည်းနီ မောင်မောင်နန့် ရမ်းဗြဲမြို့က ဆီးဝယ်လို့အပြန် အမှတ်(၅) ရပ်ကွက်၊ သိမ်တောင်ဘု ရားမာ တပ်ချထားရေ စစ်ကောင်စီတပ် ခလရ(၃၈)တပ်ရင်းက ဖမ်း ဆီးလားစွာပါ” လို့ မျက်မြင်ဒေသခံတိက ပြောပါရေ။
ယင်းနောက် ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိက ကိုဇော်ဇော် ၊ ကိုမောင်မောင်ရို့ ၂ ယောက်ကို သိမ်တောင်ဘုရားကုန်းသို့ ဖမ်းခေါ်လားခကြောင်း သိရပါရေ။
ယင်းအပြင် ဒေနိ တရက်တည်းမာပင် စစ်ကောင်စီတပ်သားတိစွာ ရမ်းဗြဲမြို့နယ်က နောက်ထပ် အပြစ်မဲ့အရပ် သားပြည်သူ နှစ်ယောက်ကိုလည်း ထပ်ဖမ်းထားရေလို့ သတင်းရထားပြီးကေ အသေးစိတ်ကို ဆက်လို့စုံစမ်းနီပါရေ။