ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ (၂)ဦးသေ၊ (၅)ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သစ်ပုတ် တာဝါတိုင် အထိုင်စခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား(၂၅)ဦးပါစစ်ကြောင်းကို အောက်တိုဘာ(၆)ရက်နေ့ ညနေ(၄) နာရီက ကိုင်းကွင်းအုပ်စု၊ ကိုင်းကွင်းရွာနဲ့ ထန်းကုန်းရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF) Sniperတပ်ဖွဲ့၊တပ်ခွဲ၁၊ တပ်ခွဲ၂၊ တပ်ခွဲ၅ နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၄ တို့က အတူပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။