ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာ နည်းပညာပူးပေါင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီး ၁၁ ရက်ကြာနေထိုင်မည်ဖြစ်ကြောင်း နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ရုရှားနိုင်ငံ၊ Federal Service of Military-Technical Cooperationမှ ညွှန်ကြားရေးမှူး Mr. Dmitry SHUGAEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လေယာဉ်အမှတ် RA-89007 ၊ Sukhoi Superjet 100-95 B လေယာဉ်ဖြင့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာကြောင်း၊ အဆိုပါ စစ်တပ်မှ အဖွဲ့သည် ရန်ကုန်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ နေထိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ခရီးစဉ်တွင် မြန်မာစစ်တပ်နှင့် စစ်လက်နက်ဆိုင်ရာ ကိစ္စများ၊ စစ်ဘက်ဆိုင်ရာ နည်းပညာကိစ္စများကို ပူးပေါင်းရန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။