ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် ဇူလိူင်လ ၁၇ ရက်နေ့ကစတင်ပြီး ရဲနှင့် စည်ပင်၀န်ထမ်းများမှ စက်ဘီးစီးသူများကို စစ်ဆေးပြီး ဒဏ်ငွေရိုက်အရေးယူတာတွေ ပြုလုပ်နေကြောင်းသိရှိရသည်။
မြို့အတွင်းသွားလာနေသည့် စက်ဘီးစီးသူများကို တားဆီးစစ်ဆေးပြီး စက်ဘီးတွင်ဘဲလ်နှင့် ဘရိတ်မတွေ့ပါက ဒဏ်ငွေ ၅၀၀၀ ကျပ်ပေးဆောင်ခိုင်းကြောင်း ဒေသခံများကပြောသည်။
“ငွေရှာနေတဲ့သဘောပဲ ဆိုင်ကယ်ဖမ်း၊ ဆိုက်ကားဖမ်း၊ သုံးဘီးလဲဖမ်း အပြစ်ရှာပြီး ဖမ်းနေတာ ခုလဲစက်ဘီးဘက်ကိုလှည့်လာတဲ့သဘောပဲ “ဟု ဒေသခံပြည်သူတစ်ဦးကပြောသည်။
ရေကြည်မြို့နယ်အတွင်းက မြို့များမှာလဲ စစ်ကောင်စီလက်အောက်ခံ စည်ပင်၀န်ထမ်းများနှင့် ရဲများမှအနှေးယာဥ်(ဆိုက်ကား)များကုလိုက်လံစစ်ဆေးနေကာ ဒဏ်ငွေရိုက် အရေးမှုတွေပြုလုပနေကြောင်းသိရသည်။
ဧရာ၀တီတိုင်း ဇွန်လအစပိုင်းက စတင်ပြီး နေ့စဥ် ယာဥ်ထိန်းတပ်ဖွဲ့များမှ မြို့တွင်းနေရာပေါင်းစုံတွင် ဆိုင်ကယ်စီးနင်းသူများကိုအပြစ်ရှာဖမ်းဆီးပြီး ငွေတောင်းယူမှုတွေများလာကြောင်း ဒေသခံများမှ ပြောသည်။
ထို့ပြင် ဒေသခံများ စက်ဘီးကို ပိုမိုအသုံးပြုလာတာကြောင့် ခုလို အပြစ်ရှာဒဏ်ငွေရိုက်တာပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ကြသည်။