ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်သင်္ဘော ၅ စီးက ရေစကြိုမြို့နယ် မြစ်ကမ်းဘေးက ကျေးရွာတွေကို ဒရုန်းတွေသုံးပြီး အီနာဂါ ဗုံးသီးများကြဲချသွားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မြင်းခြံဘက်မှ ထွက်ခွါလာတဲ့ စစ်သင်္ဘော ၅ စီးဟာ ဒီနေ့ နံနက် ၉ နာရီ ၃၀ မိနစ် မှာ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ နန်းဦးအနီး နဲ့ သဲအင်း(46QGJ 34130 81432) အနီးကနေ ချင်းတွင်းမြစ်ဘက်ကို ဦးတည် ဆန်တက်နေပြီး သွားတဲ့လမ်းတလျှောက် မြစ်ကမ်းနားရွာတွေကို ဒရုန်းများအသုံးပြုကာ အီနာဂါ ဗုံးသီးတွေနဲ့ ကျဲချ တိုက်ခိုက်သွားတာပါ။
“မနက် ၁၀:၃၀ လောက်မှာ ၃ စီးကတော့ ချင်းတွင်းအတိုင်းဆက်သွားနေပြီး ၂ စီးကတော့ ဧရာဝတီဘက် ပြန်ဦးတည်နေတယ်၊ ကမ်းနားဘက်ကရွာတွေကို ဗုံးတွေကြဲသွားတယ်” လို့ ဒေသခံပြည်သူတဦးက PVTV ကိုပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတွေနဲ့ကျေးရွာတွေရဲ့ထိခိုက်မှုကို PVTV က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။