မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် Myingyan Black Tiger – MBT တပ်ဖွဲ့က ပြုလုပ်လျက်ရှိသော “ အညာမှာ မုန်းတိုင်းထန်ဖို့ Myingyan Black Tiger (MBT)ကို မောင်းပြန် ၅ လက်၊ကျည် ၅၀၀၀” ကမ်ပိန်းကို ပူးပေါင်း ပါဝင်ပေးကြပါရန် MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မေတ္တာရပ်ခံပြောကြားသည်။
အဆိုပါက ကမ်ပိန်းကို အောက်တိုဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေသော အညာဒေသနေ ပြည်သူများ အတွက် အကြမ်းဖက်စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ မောင်းပြန် ၅ လက် ၊ ကျည် ၅၀၀၀ ကမ်ပိန်းလေး ဖိတ်ခေါ်ထားပါတယ်ဗျ၊ အဓိကရည်ရွယ် ချက်ကတော့ ကျနော်တို့ဘက်ကို နယ်မြေကျူးကျော်နေတဲ့ လုယက်နေတဲ့ စကစတွေကို ကြမ်းတမ်းတဲ့ တန်ပြန်တိုက်စစ်နဲ့ ပြန်ဆင်နွှဲဖို့ အတွက်ပါ၊ ဗျူဟာတွေလည်း ရေးဆွဲနေပါတယ်၊ အဲဒီအတွက် လိုအပ်တဲ့ ကမ် ပိန်းလေး ဖိတ်ခေါ်ထားတာပါ၊ အဲဒီအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
ပါဝင်ကူညီအားဖြည့်ကြမည့် မိဘပြည်သူများအနေဖြင့် –
https://www.facebook.com/profile.php?id=100090434487287
https://www.facebook.com/Myingyanblacktiger1
Page Messenger တို့မှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။