ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကူးတို့ကုန်းကျေးရွာမှ တစ်ဆင့် စစ်တောင်းမြစ်ကို ဖြတ်ကျော်ပြီး ကဲလင်းဆိပ်ကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ကို ဇန်နဝါရီ ၂၈ ရက် နေ့လည် ၂ နာရီခန့်မှာ တိုက်ခိုက်ခဲ့တဲ့ အတွက်အကြမ်းဖက်တပ်သား ၃ဦးသေဆုံးပြီး ၆ဦးထပ်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းက ကူးတို့ကုန်းကျေးရွာမှ ကဲလင်းဆိပ်ကျေးရွာကို စစ်ကြောင်းထိုးလာရာ စစ်တောင်းမြစ်ကို ဖြတ်ကူးနေစဉ် ကဲလင်းဆိပ်ကျေးရွာမြောက်ဘက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ပုဝါနီစစ်ကြောင်းပွိုင့်များက စီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဲဒီနောက် ပြန်လည်ဆုတ်လာပြီး ခံစစ်ပြင်ထားချိန် အနောက်က စစ်ကူလိုက်လာတဲ့ နေပြည်တော်PDF နဲ့ ပူးပေါင်းပြီး ညနေ ၅နာရီခန့်မှာ ၄၀mm နဲ့ စတင်ပစ်ခတ်ပြီး ၁နာရီခန့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကဲလင်းဆိပ် ကျေးရွာမှာ ၀င်ရောက်အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စစ်ကူ ထပ်မံရောက်ရှိလာတဲ့ ကီးကူစစ်ကြောင်း နဲ့ အထူးဒေသ တို့ ထပ်မံပူးပေါင်းပြီး ည ၁၀နာရီခန့်မှာ ထပ်မံသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ပွဲမှာ ၁ နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က အထိခိုက်ကျဆုံးကို အတိအကျမသိရသေးပဲ တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။