ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၂ ဦးအပါအဝင် ၈၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အောက်တိုဘာလအတွင်း ရေတာရှည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များသည် အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၂ ဦး အပါအဝင် ၈၀ ဦး ထက်မနည်းသေဆုံးပြီး ၃၄ ဦး အထက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၂ ဦးကျဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲများအတွင်း RPG နှင့် ၆၀ မမ ဗုံးသီးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က လေယာဥ်၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ် ၂ လုံးပျက်စီးခဲ့ပြီး ပြည်သူ ၅၅၀ ကျော်စစ်ဘေး တိမ်းရှောင်နေရကြောင်း သိရသည်။