ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွှေကစောင်းကျေးရွာအုပ်စု၊ သန်ဖန်းဇင်ကျေးရွာကို အကြမ်း ဖက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးနေကြောင်း သိရှိရသည်။
ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွှေက စောင်း ကျေးရွာအုပ်စု၊ သဖန်းဇင်ကျေးရွာသို့ ရွာအပြင်မှ လက်နက်ကြီး အချက် ၂၀ ထက် မနည်း စစ်ကောင်စီတပ်က ပစ်ခတ်ကာ ရွာထဲသို့ ဝင်ရောက်စီးနင်းကြောင်း၊ ယင်းနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်းသိရှိရသည်။
လက်ရှိအချိန်တွင် ကျေးရွာတွင် မီးလောင်သွားသော နေအိမ်အရေအတွက်ကို မသိရှိရသေးဘဲ ကျေးရွာသူကျေးရွာသားများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။