မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ပင်းဘုရားလမ်းဆုံတွင် စစ်တပ်က တပ်သားစုဆောင်းသည့်အနေဖြင့် လူငယ် ၁၀ ဦးကို ပေါ်တာဆွဲ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။
ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၈ နာရီခန့်အချိန် ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက်နှင့် သူဌေးကုန်း ရပ် ကွက်အကြား ပင်းဘုရားလမ်းဆုံတွင် စစ်ဆေးရေးဂိတ်ချကာ စစ်တပ်အတွက် တပ်သားသစ်များ စုဆောင်းကြောင်း၊ ဆိုင်ကယ် စီးလာသူ၊ လူငယ်များ ၊ လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးခဲ့ရာ လူငယ် ၁၀ ဦး ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ၊ လူငယ် ၁၀ ဦးကို ဖမ်းဆီးပြီးနောက် စစ်ဆေးရေးလုပ်ဆောင်နေမှုကို ရပ်ဆိုင်းကာ ကျေးရွာများ ဘက်သို့ စစ်တပ်စစ်ကြောင်းက ထွက်ခွာသွား ကြောင်း သိရှိရသည်။
“ ဒီမနက် ၈ နာရီလောက်က ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက်နဲ့ သူဌေးကုန်းရပ်ကွက်ကြားက ပင်းဘုရား လမ်းဆုံမှာ ဈေးသွား၊ ဈေးလာတွေ၊ နောက်အလုပ်အကိုင်သွားတဲ့ လူငယ်တွေ၊ ဆိုင်ကယ် စီးလာတဲ့ လူငယ်တွေကို ဖမ်းသွားတာ၊ ၁၀ ယောက်လောက်ပါသွားတယ်။ ရေနံချောင်းမြို့နယ်ထဲက ရွာတွေကနေ မြို့ထဲကို ဈေးဝယ်သွားတာတို့၊ အလုပ်သွားတာတို့အလဲလိုလူငယ်တွေ ဆိုင်ကယ်ထွက် လာတာ၊ တောက်လျှောက်ဖမ်းသွားတာ။ ” ဟု ဒေသပြည်သူတစ်ဦးက ပြော ကြားသည်။
လတ်တလော နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ်သားသစ် စုဆောင်းရရှိမှု အဆင်မပြေသောကြောင့် စစ်တပ်က နေ့အချိန်နှင့် ညအချိန်များတွင် လူငယ်များကို အတင်းအကျပ် ပေါ်တာဆွဲ အတင်းအဓမ္မတပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။