မကွေးတိုင်း၊ရေနံချောင်းမြို့နယ်၊ မြို့မစျေးမှာ စျေးဝယ်ပြီး စျေးအနီးတဝိုက်မှာ အရပ်ဝတ်နဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ ခြေလျင် တပ်ရင်း ၇၇ မှ ရန်သူ တပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့က ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
မြို့မစျေးအနီးမှာ အရပ်ဝတ်ဖြင့် ကင်းလှည့်နေတဲ့ အကြမ်းဖက် တပ်ဖွဲ့ဝင်များကို သြဂုတ် ၂၁ ညနေ ၅ နာရီခန့်မှာ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က လိုက်လံပစ်ခတ် ရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်တပ်ရဲ့ ဒုတပ်ကြပ်ကြီး အဆင့်ရှိသူ ဦးခေါင်းကျည်ထိမှန် သေဆုံးကာ၊ အကြမ်းဖက် တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ် ခလရ ၇၇ မှ ရန်သူတပ်ဖွဲ့ဝင်များအား ပစ်ခတ်ရှင်းလင်းမှုကို ပြည်သူကာကွယ်ရေး တပ်မတော် မကွေးခရိုင် အမှတ် (၂) တပ်ရင်း၊ ငါးပြေမပြောက်ကျား တပ်ဖွဲ့၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။
အကြမ်းဖက် တပ်ဖွဲ့ဝင်များကို ပစ်ခတ်ရှင်းလင်းခဲ့မှုအပြီး ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ လွတ်မြောက်ရာသို့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြပါရှိထားပါတယ်။