မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး အဆိုပါရဲစခန်းအနီးဖုန်းပြောနေစဉ် ပစ်ခတ်ရှင်းလင်းခံလိုက်ရကြောင်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ပခုက္ကူ – ကမ္မ – ပေါက်မြို့အကြားတွင်ရှိသည့် ရေပြာကျေးရွာရှိ ရေပြာစခန်းမှ ရဲတပ်ကြပ် ရန်နိုင်အောင် (ခ)မဲလုံးကို ကာကွယ်ရေးတပ်များက ယမန့်နေ့ ညနေပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“အလောင်းကို ညနေပိုင်းမှာပဲ ရဲစခန်းထဲကို သယ်သွားတယ်။ အဝေးကနေ့ လှမ်းပစ်တာလို့ပြောတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အသက်(၃၀)အရွယ်ရှိ အဆိုပါရဲတပ်ကြပ်သည် ခရီးသွားပြည်သူများအား နည်းမျိုးစုံဖြင့် ငွေတောင်းခ့နေသူဟု ဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးညှင်းပန်းနှိပ်စက်တွင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။