တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဇာဒီကျေးရွာမှာ နေထိုင်တဲ့ အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ပျူစောထီးခေါင်းဆောင်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်းက မနေ့က ရက်စွဲဖြင့် စာထုတ်အသိပေးထားပါတယ်။
ရန်သူတပ်ဖွဲ့ရဲ့ လက်ပါးစေ ပျူစောထီးခေါင်းဆောင်အား ဇန်နဝါရီ ၁၆ ရက်၊ နေ့လည် ၁၁ နာရီ၊ ၅၀ မိနစ်ခန့်မှာ သွားရောက် ရှင်းလင်းခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး၊ နေရာမှာပွဲချင်းပြီး သေဆုံးတယ်လို့ ဆိုပါတယ်။
အဆိုပါ ပျူစောထီးခေါင်းဆောင်ထံမှ အကြမ်းဖက်စစ်တပ်မှ ပေးထားတဲ့ 380 ပစ္စတို သေနတ် ၁ လက်၊ ကျည်ဆံ အတောင့် ၂၀ ၊ လက်ထိပ် ၁ ခု၊ ဆိုင်ကယ် ၁စီး၊ အသုံးအဆောင်တချို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ပြောပါတယ်။
ဒီရှင်းလင်းမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ် ခရိုင်၊ အမှတ်(၁) တပ်ရင်း၊ ဇင်ယော်တပ်ဖွဲ့ (ရေဖြူ -ပကဖ) တို့မှ ပူးပေါင်း ပြီး လုပ်ဆောင်ခဲ့ကြတာပါ။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ရဲ၊ပျူစောထီး များအနေဖြင့် ကျဆုံးခါနီးဖြစ်တဲ့ ရန်သူ့ဖက်ဆစ်တပ်မှ အမြန်ရုန်း ထွက်ပြီး မိသားစုဘဝရှင်သန်ရေးအတွက် အလင်းဝင်ရောက်လာပါ က ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်းမှ လုံခြုံမှု၊ချီးမြှင့်မှုများနဲ့ နွေးထွေးစွာ ကြိုဆိုနေမှာဖြစ်တယ်လို့ အသိပေးဖော်ပြထားပါတယ်။